၂၆ ဇူလိုင်
ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်ဟာ လတ်တလောမှာ အသက် ၅၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့အထိမ်း အမှတ်အဖြစ် စေ့စပ်ထားတဲ့ချစ်သူ အဲလက်ဇ်ရိုဒရီဂွက်ဇ်က အနီရောင်ကားတစ်စီး လက်ဆောင်ပေးခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဇူလိုင် ၂၄ ရက်မှာ ဂျနီဖာလိုပက်ဇ်ဟာ အသက်၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ဒီမွေးနေ့မှာတော့ ပေါ့ပ်ကြယ်ပွင့်နဲ့ အဲလက်ဇ်ရိုဒရီဂွက်ဇ်တို့ဟာ မိုင်ယာမီကို ရောက်ရှိနေတာဖြစ်ပါတယ်။ အဲဒီမှာ ဂျနီဖာလိုပက်ဇ်က ချစ်သူပေး တဲ့ မွေးနေ့လက်ဆောင် 2019 Porsche 911 GTS ကားကို စမ်းမောင်းကြည့်ခဲ့တယ်လို့လည်း သိရပါတယ်။
အေးပြည့်