နေပြည်တော်  ၂  စက်တင်ဘာ

မြေငလျင်လှုပ်ခတ်မှုကြောင့် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ဆက်စပ်ရေအား အဆောက်အဉီးများ၊ ဓါတ်အားပေးစက်ရုံများ၊ ဓါတ်အားလိုင်းနှင်ဓါတ်အားခွဲရုံများ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ ဩဂုတ် ၃၁ ရက် ည ၉ နာရီ ၃၉ မိနစ်ခန့်က အင်အား ရစ်ချ်တာစကေး ၆ ဒသမ ဝ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့မှုအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအုပ်ချုပ်မှု အောက်ရှိ ငလျင်ဗဟိုချက်အနီးတဝိုက်၌ရှိသော သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆက်စပ်ရေအား အဆောက်အဦများ၊ ဆောင်ရွက်ပြီး ၂၃၀ ကေဗွီ ညောင်ပင်ကြီး ပင်မဓာတ်အားခွဲရုံနှင့် အုန်းတောပင်မဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ ကျောက်ပုထိုး ပင်မဓာတ် အားခွဲရုံ၊ ငှက်ပျောဒိုင်းပင်မဓာတ်အားခွဲရုံနှင့် အောင်ချမ်းသာ ပင်မဓာတ်အားခွဲရုံ၊ ဆောင်ရွက် ပြီး ၂၃၀ ကေဗွီ အုန်းတော-ညောင်ပင်ကြီးဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ ညောင်ပင်ကြီး-မုံရွာဓာတ်အားလိုင်းနှင့် သဖန်းဆိပ်-ငှက်ပျောဒိုင်းဓာတ်အားလိုင်း၊ ဆောင် ရွက်ပြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၅၁ မိုင်နှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၇၉၂ မိုင်၊ ဆောင်ရွက်ဆဲ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)