mdn

နေပြည်တော် ၁၆ ဇွန်

 

ယနေ့ မြန်မာစံတော်ချိန် (ဝ၇)နာရီ (၁၉)မိနစ် (၂၆) စက္ကန့်အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၅) မိုင်ခန့် ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၃၃) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၈.၂၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၈)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

မိုး/ဇလ