နေပြည်တော် ၂၃ ဇွန်
၂၀၁၉ ခုနှစ် ၊ ဇွန်လ (၂၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၂) နာရီ (၂၃) မိနစ် (၅၅) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၆၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တော်မြို့၏ အရှေ့မြောက်ဘက်(၁၇)မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၀.၉၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၁၈)ဒီဂရီ၊ အနက် (၂၁) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
MDN