နေပြည်တော် ၅ မတ်
မတ် ၅ ရက် ည ၁၀ နာရီ ၄ မိနစ် ၃ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက် မိုင် (၄၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၇၆) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၇.၉၃) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
MDN