မြေငလျင်သတင်းထုတ်ပြန်ချက်

၃၀ စက်တင်ဘာ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၅၁)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပျဉ်မနားမြို၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၇)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။