မြေနီကုန်းကျေးရွာတွင် ၁၂ ဘီးယာဉ်ကို ကြက်တင်ယာဉ်က ဝင်တိုက်ရာ ယာဉ်မောင်းသေဆုံး

သထုံ    ၂၄   မေ


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်တွင် မေလ ၂၄ ရက်နေ့ နံနက်က  ကြက်များတင်လာသောယာဉ်မှ ရှေ့မှသွားနေသည့် ၁၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဘီးလင်းဘက်မှ သထုံဘက်သို့  ဇော်မင်းထွေး မောင်းလာသော အဖြူရောင်ယာဉ်သည် လမ်းအတိုင်း မောင်းနှင်လာစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၁၄၆/၅ နှင့် ၁၄၆/၆ အကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ မျိုးဝင်းမင်း ၃၀ နှစ် မောင်းလာသော ၁၂ ဘီးယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ပြီး ကြက်များတင်လာသည့် ယာဉ်မောင်း ဇော်မင်းထွေးမှာ ယာဉ်အတွင်းညှပ်လျက် ဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကြက်များတင်လာသည့်ယာဉ်မှ ယာဉ်မောင်း ဇော်မင်းထွေး (သေဆုံး) သူအား သထုံမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။


သက်ဦး(သထုံ)