မုဒုံ ၁၉ ဇွန်
မုဒုံမြို့နယ်အတွင်း မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းကို ကျွမ်းကျင်ဝန်ထမ်းများ အသုံးပြုပြီး မြန်ဆန်တိကျစွာ စာရင်းကောက်ယူနိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ကုလသမ္မဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှစာရင်းကောက်ယူခြင်းဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်မာလာအောင်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုများကို မွေးဖွားခြင်းနှင့် သေဆုံးမှုစာရင်းများ မှန်ကန်၊ မြန်ဆန်၊ တိကျစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကျွမ်းကျင်မှုရှိစေရန်နှင့် သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ စစ်တမ်းကောက်ဝန်ထမ်း(၄၀)ဦး တက်ရောက် ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)