ဖားကန့် ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မနကျေးရွာအနောက်ဘက် မနမှော်ရှိ မျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်း ရေကန်တွင် ယမန်နေ့ ညနေ ၄ နာရီခန့်က မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁၀)ဦးခန့် မျောပါသွားခဲ့ပြီး (၇)ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မနကျေးရွာ၏ အနောက်ဘက်တွင်ရှိသည့် မနမှော်သက်တမ်းကုန် လုပ်ကွက်ဟောင်းတွင် အမြင့်ပေ (၁၀၀)ခန့်ရှိ မြေစာပုံသည် ရာသီဥတုအခြေအနေကြောင့် မြေပွကာ အနီးရှိရေကန်အတွင်းသို့ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁၀)ဦးခန့် ရေကန်အတွင်းသို့ မျောပါသွားပြီး အေးမြသာယာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ခဲ့ရာ မျောပါသွားသူများအနက် ဒဏ်ရာရသူ (၇)ဦးအား ကယ်ဆယ်ရရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)