၂၁ ဇန်နဝါရီ

 

မြေထဲပင်လယ်အတွင်းဖြစ်ပွားခဲ့သည့် သီးခြားသင်္ဘောပျက်မှုနှစ်ခုအတွင်း ခန့်မှန်းခြေအားဖြင့် ရွှေ့ပြောင်းသွားလာသူ ၁၇၀ ဦး ပျောက်ဆုံးသွားခဲ့သည်။

 

8552

 

အီတလီရေတပ်သည် သောကြာနေ့က မြေထဲပင်လယ်အတွင်း မျောပါနေသည့် ဆူဒန်နှင့် အခြားနိုင်ငံသားသုံးဦးကို ကယ်ဆယ်ကာ ဆေးရုံတင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွာလာသူများအဖွဲ့ (IOM) က ပြောကြားသည်။

 

11533.

 

လစ်ဗျားမှ ဥရောပသို့ ထွက်ခွာလာပြီးနောက် မကြာမီ ၄င်းတို့၏ ရော်ဘာလှေမှာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်သူများက တာဝန်ရှိသူများသို့ ပြောကြားခဲ့သည်။ သင်္ဘောပေါ်ရှိ လူပေါင်း ၁၁၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

 

ကြာသပတေးနေ့တွင်ဖြစ်ပွားခဲ့သည့် သီးခြားအဖြစ်အပျက်တစ်ခုတွင် ဥရောပတိုက်သို့ ဦးတည်သွားရောက်နေသော အာဖရိကမှ ရွေ့ပြောင်းသွားလာသူများ၊ ဒုက္ခသည်များ တင်ဆောင်လာသည့် စက်လှေတစ်စင်းမှာ စပိန်နိုင်ငံအလွန် မြေထဲပင်လယ်အတွင်း နစ်မြုပ်ခဲ့သည်။ သင်္ဘောပေါ်ရှိ လူတစ်ဦးကို ကယ်ဆယ်ခဲ့သော်လည်း လူ ၅၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

 

ရွေ့ပြောင်းသွားလာသူများကို အကူအညီပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး  ဖီလစ်ပို ဂရန်ဒီက  စနေ့နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုအတွင်း ပန်ကြားခဲ့သည်။ 

 

မြေထဲပင်လယ်အတွင်း ယခုဖြစ်ရပ်များနှင့်ဆင်တူသော ဖြစ်ရပ်များကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀ဝ ဦးသို့ ရောက်ရှိခဲ့ကြောင်း  IOM က ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်