စေတုတ္တရာ ၁၂ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လမ်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြေသားလမ်းတာဘောင်ချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း ပဒါန်း-ငဖဲ-စေတုတ္တရာလမ်း(ယာဘက်)ပေ ၂၀ဝ အရှည်နှင့် ပဒါန်း-ငဖဲ-စေတုတ္တရာလမ်း(ဝဲဘက်)ပေ ၁၅၀ အရှည်တို့အား မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၅၀)ဖြင့် လည်းကောင်း၊ မြေသားလမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်း ပဒါန်း-ငဖဲ- စေတုတ္တရာ လမ်း(၄/၄)မိုင်အား (၃၄)ပေ အကျယ် လမ်းတာဘောင်ရရှိစေရန် (၁)ပေ(၃)လက်မ ထုရွေးချယ် မြေသားတာဘောင် လမ်းချဲ့ခြင်းနှင့် စလင်း-စေတုတ္တရာလမ်း (၃/၅)မိုင်(၃၄)ပေအကျယ် လမ်း တာဘောင်ရရှိစေရန်(၉)လက်မထု ရွေးချယ်မြေသား တာဘောင်လမ်းချဲ့ခြင်းတို့အား မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း(၅၅)သန်းဖြင့် လည်းကောင်း မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၅၀)ရာခိုင်နှုန်းစီ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်စွာဝင်းထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


