Metoo လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ Girls’ Generation ရဲ့ “Into the New World”

နေပြည်တော် ၁၆ မတ်


တောင်ကိုရီးယားအနုပညာရပ်ဝန်းနဲ့ အခြားသော လူမှုအဖွဲ့အစည်းတွေမှာ Metoo လှုပ်ရှားမှုဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံခဲ့ရကြောင်း ဖွင့်ဟလာမှုတွေလည်း များပြားခဲ့ပြီး ကျူးလွန်ခဲ့ကြောင်း ဝန်ခံလာသူတွေလည်း များစွာပေါ်ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်မှာတော့ စွပ်စွဲခံခဲ့ရသူတစ်ဦးဖြစ်တဲ့ မင်းသား ဂျိုမင်ကီဟာ အပြစ်တွေကို ဝန်ခံကြောင်း မကွယ်လွန်မီ ရေးသားခဲ့တဲ့စာမှာ ထည့်သွင်းဖော်ပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့ပါတယ်။


အမေရိကန်နိုင်ငံရဲ့ အနုပညာရပ်ဝန်းကနေ စတင်ခဲ့တဲ့ ယင်းလှုပ်ရှားမှုမှာတော့ တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Girls’ Generation” ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Into the New World” မှ စာသားတွေကိုလည်း ထုတ်ယူသုံးစွဲခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုံးဝမရှိတဲ့ ကမ္ဘာသစ်တစ်ခုအကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ ယင်းတေးသီချင်းက စာသားတွေကို လှုပ်ရှားမှုတွေလုပ်ဆောင်ရာမှာ ကိုင်ဆောင်တဲ့ ဆိုင်းပုဒ်တွေပေါ်မှာ ရေးသားဖော်ပြခဲ့ကြတာကိုလည်းတွေ့ရပါတယ်။


ကြေးမုံ