ကျောက်တလုံးကြီး  ၁၀  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စုရှိ မွေတော်က္ကူ ရှေးဟောင်း ဘုရားစေတီသို့ နေရပ်ပြန်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ၊ အပန်းဖြေ ခရီးထွက်သူများနှင့် နိုင်ငံခြားသားခရီးသွား ဧည်သည့်များဖြင့် ယနေ့နေ့လယ်၌ စည်ကားလျက်ရှိကြောင်း သိရသည်။

 

Pago

 

ရှေးဟောင်း မွေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမြော်ကြသူများအနေဖြင့် ဘုရားပရိဝုဏ်အတွင်းရှိ စေတီများကို ဖူးမြော်ကြည်ညိုခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ ဆုတောင်းပြည့် ဝက်မင်း၌ ဆုတောင်း၍ ငွေကြေးလှူဒါန်းခြင်း၊ နိုင်ငံခြားသား ခရီးသွားများက ရှေးဟောင်းအမွေအနှစ် ဘုရားစေတီ၏ အနုပညာလက်ရာများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများဖြင့် ပြုလုပ်ကြသည်။

 

ထို့ပြင် ဘုရားပရိဝုဏ်အပြင်ဘက်ရှိ နှစ်သက်တမ်းရာကျော်ရှိသည့် ညောင်ပင်ကြီးများ၏ အောက်တွင် အနားယူခြင်း၊ နေ့လယ်စာ စားသုံးကြခြင်းနှင့် ဈေးတန်း၌ ဒေသထွက်ကုန်ပစ္စည်းများ ဝယ်ယူခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

 

စံထိုက်လင်း

 

Pagoda