မေတ္တာ- ထီးခီးဟိုင်းဝေး ကားလမ်းကြီးပေါ်တွင် ကားမှောက်မှုဖြစ်ရာ ၁၂ ဦးဒဏ်ရာရ

မေတ္တာ  ၂၅   မေ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ မေတ္တာ-ထီးခီးဟိုင်းဝေးလမ်းမကြီးပေါ်တွင် မေ ၂၄ ရက်နေ့က ကားမှောက်မှုဖြစ်ရာ (၁၂) ဦးဒဏ်ရာရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေတ္တာ-ထီးခီး ဟိုင်းဝေလမ်းမကြီးပေါ် မေတ္တာမြို့ရှေ့ဘက် မိုင် (၄၀)ခန့်အကွာ ဝါးတောကျေးရွာနှင့် အမိုကျေးရွာကြားတွင် မေတ္တာမှထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ယာဉ်မောင်း ဦးရွှေဘို မောင်းနှင်လာသော (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ဘေးသို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်တွင် စီးနှင်းလိုက်ပါသူ ခရီးသည် (၃၉)ဦး အနက် ကျား(၂)ဦး၊ မ (၁၀)ဦး စုစုပေါင်းခရီးသည် (၁၂)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူများကို မေတ္တာမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူလျက်ရှိပြီး ယာဉ်မောင်းအား အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN