၁၃ မေ

ဗုဒ္ဓဘာသာဝင်တို့အဖို့  လတကာတို့တွင်  ကဆုန်လသည်  အမွန်အမြတ်၊ အလေးအနက်ပြုဖွယ်ရာလ    ဖြစ်သည်။      အဘယ်ကြောင့်နည်းဟူမူ ဗုဒ္ဓမြတ်စွာသည်  ကဆုန်လတွင်  ဖွားမြင်တော်မူခဲ့ခြင်း၊  ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ကဆုန်လတွင် ဝိသာခါနက္ခတ်နှင့်  စန်းယှဉ်သောကြောင့်  ပါဠိ၊ သက္ကတ၊ ဟိန ́ီ၊   ဘဂ ̄လီဘာသာတို့တွင်   ကဆုန်လကို “ဝိသာခါ” (Vesak) ဟူ၍ ခေါ် ကြသည်။

ဗုဒ္ဓဘာသာဝင်တို့၏    နေ့ထူးနေ့မြတ်    ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ်  ၁၉၉၉  ခုနှစ်  ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၄ ၊ ၁၁၅ ဖြင့် အသိအမှတ်ပြုကာ ၂၀ဝဝ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ  နယူးယောက်မြို့  ကုလသမဂ္ဂရုံးချုပ်၌   ပထမဆုံးအကြိမ် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းနောက် နှစ်စဉ်နှစ်တိုင်း   ကုလသမဂ္ဂဗုဒ္ဓနေ့   အခမ်းအနားကို  ထိုင်း၊  ဗီယက်နမ်၊ သီရိလင်္ကာနိုင်ငံတို့တွင်  ကျင်းပခဲ့ရာ  ယခုနှစ်တွင် (၁၆) ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့  အခမ်းအနားကို  ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့ ၌ကျင်းပ  လျက်ရှိသည်။

(၁၆)  ကြိမ်မြောက်      ကုလသမဂ္ဂဗုဒ္ဓနေ့    ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်က   မိန့်ခွန်းပြောကြားရာ၌ “ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသည် မိမိတို့ လူသားများအားလုံးကို ဗုဒ္ဓ၏အဆုံးအမ နှင့်      လမ်းစဉ်တို့ကို      မမေ့မလျော့    လိုက်နာရမည်ဆိုသည့်  စိတ်အားထက်သန်မှုများကို တစ်ဖန်ပြန်လည်ပေါ်ပေါက်လာစေရန် နှိုးဆော်လိုက်ပါကြောင်း၊ ထို့ကြောင့် မတူကွဲပြားမှုများရှိနေသည့်  ယနေ့ကမ္ဘာလောကကြီးတွင်      တစ်ဦးအပေါ်တစ်ဦးထားရှိသည့်    မေတ္တာတရားကို  မိမိတို့၏ မိသားစုအတွင်းမှသည်  လူမှုရေး၊ နိုင်ငံရေး၊ အရပ်ဘက်နှင့်ဘာသာရေးအဖွဲ့အစည်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားတည်ဆောက်ကြရန် တိုက်တွန်းပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာမြေပေါ်တွင် ရှင်သန်နေထိုင်ကြသည့် လူသားအားလုံးတို့တွင်  ဘာသာရေးအစွဲ၊  အယူဝါဒရေးအစွဲ၊    လူမျိုးရေးအစွဲ၊    ထုံးဓလေ့အစွဲ၊ ဇာတ်ခွဲခြားမှုအစွဲစသည့်  စသည့်အစွဲအလမ်းများစွာတို့ကို  စွဲကြသည်။ တစ်ယူသန်အစွဲကြီးသူတို့က ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟူ၍ သတ်မှတ်ကာ ရန်လိုခြင်း၊      ငြင်းခုံခြင်း၊      တိုက်ခိုက်ခြင်း    စသည့်အမှုများကိုပြုကာ ဘာသာရေးအဆုံးအမများကို  သွေဖည်၍ အစွန်းရောက်ကြကုန်သည်။ ကမ္ဘာပေါ်ရှိ လူအများကိုးကွယ်ကြသော  ဘာသာတရားများသည် ပေါ်ထွန်း ခဲ့ရာ ခေတ်ကာလ၊ နေရာဒေသ၊ လမ်းညွှန်ဟောကြားဆုံးမခဲ့သည့် ပုဂ္ဂိုလ်တို့ မတူကွဲပြားကြသည့်အလျောက် အပေါ်ယံသွင်ပြင်တို့ ကွဲပြားခြားနားကြ မည်ဖြစ်သော်လည်း   အတွင်းပိုင်း   အနှစ်သာရအားဖြင့် ကွဲပြားမှုမရှိဘဲ တူညီပါကြောင်း  ကမ္ဘာဘာသာရေးခေါင်းဆောင်တို့က  လက်ခံထားကြသည်။

ဘာသာတရားအားလုံး၏ အနှစ်သာရဖြစ်သော- ခန္တီ၊ သစ္စာ၊ မေတ္တာ၊ ကရုဏာ၊ ပညာ၊ သီလ၊ သမာဓိ၊  ဒါန တရားတို့ကို ဘာသာဝင်အားလုံးတို့က အလေးအနက်ထားသင်နိုင်ကျင့်နိုင်ကြမည်ဆိုပါက ငြင်းခုံခြင်း၊ ရန်ဖြစ် ခြင်း၊ ဆူပူခြင်း၊ သောင်းကျန်းခြင်း၊  ရန်တိုက်ခြင်း၊  တိုက်ခိုက်ခြင်း စသည်တို့ တဖြည်းဖြည်းလျော့ပါးချုပ်ငြိမ်းသွားမည်ဟု ယုံကြည်ကြောင်း ၂၀၁၃ ခုနှစ်   နိုဝင်ဘာလအတွင်းက  ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပသည့် Religions for Peace အစည်းအဝေးကြီး၌ သီတဂူဆရာတော်ကြီးက ဟောကြားတော်မူခဲ့သည်။

ရန်ငြိုးဖွဲ့မှုများ၊  တိုက်ခိုက်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများဖြင့် တုန်လှုပ်နေဆဲကမ္ဘာကြီးတွင် မြတ်ဗုဒ္ဓ၏ဓမ္မပဒကျမ်းလာ” အမျက်ထွက် သောသူကို မေတ္တာတရားဖြင့် အောင်ရာ၏။ မကောင်းသောသဘောရှိသူကို  ကောင်းသောသဘောဖြင့်  အောင်ရာ၏။   နှမြောဝန်တိုသောသူကို  ပေးကမ်းခြင်းဖြင့်  အောင်ရာ၏။   မဟုတ်မမှန်ပြောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့်  အောင်ရာ၏” ဟူသည့်  နီတိတရားတို့ လူတိုင်း၏ နှလုံးသားတွင်    စွဲထင်ကျင့်သုံးနိုင်သည်နှင့်အမျှ    ကမ္ဘာလောကတစ်ခုလုံး အေးချမ်းသာယာနိုင်မည်ဟု ယုံကြည်မိပါကြောင်း။

မြန်မာ့အလင်း