မေတ္တာ  ၆   မတ်  

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊အမှတ်(၃) ရပ်ကွက်၌တာရှည်ခံ ဆေးစိမ်ခြင် ထောင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

URC ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာဇာနည်ထွန်း (Senior Medical Doctor) နှင့် ဦးအောင်မျိုးသူ (Health Faci-  litator)တို့က ငှက်ဖျားရောဂါ ကူးစက်မှုကြိုတင် ကာကွယ်နိုင်စေရန် တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ အသုံးပြုရန် ဆောင်ရန်၊ရှောင်ရန် အချက်များပါရှိသည့် သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆွေးနွေးပေးခဲ့ပြီး မေတ္တာမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၅၀)ခန့်အား တာရှည်ခံဆေးစိမ်ခြင်ထောင် စုစုပေါင်း (၂၁၃)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ရန်နောင်စိုး(ပြန်/ဆက်)