မီးဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မေတ္တာမြို့နယ် တောင်သုံးလုံးကျေးရွာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည်နှင့် တာဝန်ရှိသူများက ကျေးရွာနေ ဒေသခံပြည်သူများအား နွေရာသီ နီးကပ်လာပြီ ဖြစ်သည့်အတွက်ကြောင့် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများ၊ မီးလောင်နေစဉ်တွင် လိုက်နာရန်နှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မီးငြှိမ်းသတ်ရန် နည်းလမ်းများအကြောင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် သဏ္ဌာန်တူနေအိမ် (၁)အိမ် မီးလောင်နေမှုကို ဒေသခံပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ရေယာဉ်(၂)စီးဖြင့် စုပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ပြီး လူနာများအား အရေးပေါ် လူနာတင်ယာဉ် နှစ်စီးဖြင့် ကယ်ဆယ်နေမှုအဆင့်ဆင့်၊ ရှေးဦးသူနာပြုစုနည်းများဖြင့် မီးဘေးသဏ္ဌာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)