MFF OPEN Cup ဖူဆယ်ပြိုင်ပွဲ ရှုံးထွက်ပွဲများ စတင်ကျင်းပ

ရန်ကုန် ၂၉ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ MFF OPEN Cup ဖူဆယ်ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ လက်ရှိချန်ပီယံ MIU အသင်းအပါအဝင် ရွှေမြဝတီ၊ ON Doctor နှင့် မြို့မ YTD အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။

 

ရှုံးထွက်ပွဲစဉ် ပထမနေ့တွင် MIU အသင်းက Old Man အသင်းကို ၁၃ ဂိုး-ဂိုးမရှိ၊  ON Doctor အသင်းက JYS အသင်းကို ၁၆ ဂိုး-နှစ်ဂိုး၊ မြို့မ YTD အသင်းက ဖူဆယ်ချစ်သူအသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ ရွှေမြဝတီအသင်းက AMM အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။   

 

ရှုံးထွက်ပွဲစဉ် ဒုတိယနေ့ကို မေ ၃၀ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး Tiger အသင်းနှင့် MIU Legend အသင်း၊ Do Do Ko Ko အသင်းနှင့် GV Athletic အသင်း၊ Winner အသင်းနှင့် Winner Futsal အသင်း၊ RDZ အသင်းနှင့် VUC အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 

ကွာတားပွဲအဖြစ် MIU အသင်းနှင့် ON Doctor အသင်း၊ ရွှေမြဝတီအသင်းနှင့် မြို့မ YTD အသင်းတို့ တွေ့ဆုံနေကြောင်း သိရသည်။

 

ရဲရင့်ရှိုင်း