ရန်ကုန်   မတ်   ၄

၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ်(၂၀)ကို မတ် ၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFFဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ ဇယားထိပ်ဆုံးမှ YRG အသင်းပွဲ ၂၀ ဆက်တိုက် အနိုင်ရခဲ့သည်။

ပွဲစဉ်(၂၀)တွင် Gold Dream အသင်းက SGF အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ M2K အသင်းက MIU အသင်းကို ငါးဂိုးပြတ်၊  Team Lions အသင်းက Chinland အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ VUC အသင်းက United City အသင်းကို ခြောက်ဂိုး-ငါးဂိုး၊ YRG အသင်းက TG United အသင်းကို ငါးဂိုး-တစ်ဂိုး၊ YCDC Dream Team အသင်းက Pacific Sun Far အသင်းကို ၂၄ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ပွဲစဉ်(၂၀)အပြီးတွင် YRG အသင်းက ရမှတ် ၆၀ ဖြင့် ဆက်လက်ဦးဆောင်နေပြီး YCDC Dream Team အသင်းက ၅၇ မှတ်၊ MIU အသင်းက ၄၁ မှတ်၊ M2K အသင်းက ၃၆ မှတ်၊ VUC အသင်းက ၂၉ မှတ်၊ TG United အသင်းက ၂၈ မှတ်၊  Pacific  Sun Far  အသင်းက ၂၁ မှတ်၊ Team Lions အသင်းနှင့် SGF အသင်းက ရမှတ် ၂၀ စီ၊ Gold Dream အသင်းက ၁၃ မှတ်၊ Chinland အသင်းက ကိုးမှတ်ရရှိထားသည်။

ပြိုင်ပွဲပြီးဆုံးရန် လက်ကျန်နှစ်ပွဲအလိုတွင် ၁၃ မှတ်ရရှိသည့် Gold Dream အသင်းနှင့် ကိုးမှတ် ရရှိထားသည့် Chinland အသင်းတို့ တန်းဆင်းရန် သေချာသွားပြီဖြစ်သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MFF