၅ ဖေဖော်ဝါရီ

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပရာ ဇယားထိပ်ပိုင်းမှ အသင်းကြီးများ နိုင်ပွဲဆက်ခဲ့သည်။

ပွဲစဉ် (၁၉) တွင် လက်ရှိချန်ပီယံ MIU အသင်းက လက်ဝဲသုန္ဒရအသင်းကို သုံးဂိုး-ဂိုးမရှိ၊ VUC အသင်းက မြို့မ JY အသင်းကို ၁၂ ဂိုး-လေးဂိုး၊ Dream Team က MFF ယူ-၁၉ အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ On Doctor အသင်းက Do Do Ko Ko အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ AMM Brothers အသင်းက ဖူဆယ်ချစ်သူအသင်းကို လေးဂိုး-ဂိုးမရှိ၊ GV အသင်းက Winner အသင်းကို ငါးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ 

ဇယားထိပ်ပိုင်းမှ အသင်းကြီးများ နိုင်ပွဲဆက်ခဲ့သောကြောင့် VUC အသင်း၊ လက်ရှိချန်ပီယံ MIU အသင်းနှင့် GV အသင်းတို့ သုံးသင်း ထိပ်တိုက်တွေ့ဆုံမည့် လက်ကျန်သုံးပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ပွဲစဉ် (၁၉) အပြီးတွင် VUC နှင့် MIU အသင်းတို့က ၅၅ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းနှစ်သင်း၏နောက်တွင် GV အသင်းက ၅၁ မှတ်၊ On Doctor အသင်းက ၃၂ မှတ်၊  Winner အသင်းက ၂၉ မှတ်၊  မြို့မ JY အသင်းက ၂၇ မှတ်၊ MFF ယူ-၁၉ အသင်းနှင့်  Do Do Ko Ko အသင်းက ၂၂ မှတ်စီ၊  Dream Team အသင်းက ၂၁ မှတ်၊ AMM Brothers အသင်းက ၁၁ မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။

သတင်း-ရဲရင့်ရှိုင်း