ပေါက်ခေါင်း ၁၄ ဇန်နဝါရီ    

 

" မြဂနိုင် " ရှေးဟောင်းရုပ်ရှင်ဇာတ်ကားကြီးကို ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ယခုလ ဇန်နဝါရီ  ၂၄ ရက်နှင့် ၂၆  ရက်နေ့တို့တွင်  အခမဲ့ရွေ့လျားရုပ်ရှင်ရုံဖြင့် နယ်လှည့်ပြသသွားမည်ဖြစ်သည်။

 

78

 

" မြဂနိုင် " ရှေးဟောင်းရုပ်ရှင်ဇာတ်ကားကြီးကို  ၁၉၃၄  ခုနှစ်က ရိုက်ကူးထားပြီး ယင်းရုပ်ရှင်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO)၏ ဒေသအဆင့်စာရင်းဝင် (The Memory of   the  World  Regional Register  for Asia /Pacific ) အဖြစ်အပ်နှင်းခြင်းခံရသည့် ဇာတ်ကားဖြစ်ပြီး  ပြင်သစ်နိုင်ငံ Memory; Cinema Association မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ (၄) လကြာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဝင်ကြေးအခမဲ့ ရွေ့လျားရုပ်ရှင်ရုံဖြင့် နယ်လှည့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

89

 

အဆိုပါ ရှေးဟောင်းရုပ်ရှင်ဇာတ်ကားကြီးကို ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ရှိ စမ်းမြိုင်အေးကျေးရွာတွင် ယခုလ ဇန်နဝါရီ  ၂၄  ရက်နှင့် ဇန်နဝါရီ  ၂၆  ရက်နေ့တွင် လဲလူကျေးရွာသို့ ဝင်ကြေးအခမဲ့ ရွေ့လျားရုပ်ရှင်ရုံဖြင့် နယ်လှည့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှသိရသည်။

 

သန်းထွန်းအောင်(ပေါက်ခေါင်း)

65