MH17 ပျက်ကျမှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ ရုရှားကို အမေရိကန်တိုက်တွန်း 

၂၀ ဇွန်

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က မလေးရှားလေကြောင်းလိုင်းပိုင် MH17 ပျက်ကျမှုမှာ တဝန်ရှိသူတွေကို ရုရှားအနေနဲ့ အသေအချာကိုင်တွယ်ဖို့ ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာစုံစမ်းရေးအဖွဲ့က ရုရှား ၃ ဦးနဲ့ ယူကရိန်း ၁ ဦးတို့ကြောင့် MH17 လေယဉ်ပျက်ကျခဲ့တာဖြစ်ကြောင်း ဖော်ထုတ်အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။  

 

1

 

လွန်ခဲ့တဲ့ ၅ နှစ်က လူပေါင်း ၂၉၈ ဦးတင်ဆောင်လာတဲ့ မလေးရှားလေကြောင်းပိုင်  MH17 ဟာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါရှိသူ အားလုံး သေဆုံးခဲ့ပါတယ်။ MH17 လေယာဉ်ဟာ အမ်စတာဒန် ကနေ ကွာလာလမ်ပူကို ပျံသန်းနေစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ 

 

တာဝန်ရှိသူ ၄ ဦးတို့ဟာ စစ်တပ်နဲ့ ထောက်လှမ်းရေး အဆက်အသွယ်နဲ့ ရှိကြောင်း၊ အဲဒီတာဝန်ရှိသူတွေ မပါဘဲ စစ်ဆေးမှုကို လာမယ့်နှစ် မတ်လမှာ နယ်သာလန်နိုင်ငံမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒတ်ချ်တွေ ဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်လိုက်တဲ့ တာဝန်ရှိသူတွေကတော့ ရုရှားနိုင်ငံသား အီဂါ ဂါကင်၊ ဆာဂီ ဒူဘင်စကီ၊ အိုလက် ပူလပ်တို နဲ့ ယူကရိန်းနိ်ုင်ငံသား လီယိုနတ် ကာချန်ကို တို့ဖြစ်ပြီး သူတို့ဟာ ယူကိန်းနိုင်ငံကနေ ခွဲထွက်ရေး ဒူးနက်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ရေး လုပ်ဆောင်နေသူတွေလို့ ပြောပါတယ်။ 

 

2

 

ရုရှားထောက်ခံတဲ့သူပုန်အဖွဲ့က ယူကရိုန်းနိုင်ငံအရှေ့ပိုင်းမှာ ခရီးသည်တင် လေယာဉ် MH17 ကို ဒုံးကျဉ်နဲ့ ပစ်ချခဲ့သူ တရားခံတွေ ထုတ်ပြန်လိုက်တဲ့ စာရင်းကို ရုရှားနိုင်ငံက ပယ်ချလိုက်ပါတယ်။ 

 

ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေဟာ နိုင်ငံတကာ တရားခံလွဲပြောင်းပေးရေး ခွင့်ပြုထားတဲ့ နိုင်ငံတွေမဟုတ်တဲ့အတွက် တရားခံတွေကို လွဲပြောင်းပေးဖို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် ရုရှားအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်က ပြောဆိုပါတယ်။ 

 

3

 

ဒူးနက်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးကို ကြေညာထားတဲ့ အသက် ၄၈ နှစ်အရွယ် ဂါကင်ဟာ လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ အဖြစ်နိုင်ဆုံးလို့ ပြောထားပါသေးတယ်။ ဂါကင်ဟာ လက်ရှိ မော်စကိုမှာ နေထိုင်နေတယ်လို့ ထင်ကြေးပေးနေပါတယ်။

 

MDN
ကိုးကား - AFP