နိုင်ရိုဘီ မတ် ၂၅
မဟာအာဖရိကဦးချိုဒေသ (GHA) သည် လာမည့်ဧပြီလမှ ဇွန်လအထိ ပုံမှန်ထက်ပိုသော မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း အစိုးရများအကြား ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (IGAD) ၏ ရာသီဥတုဆိုင်ရာ ခန့်မှန်းချက်များနှင့် အသုံးချရေးစင်တာက မတ် ၂၄ ရက်တွင် ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုများကို အီသီယိုးပီးယား၊ အီရီထရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ တောင်ဆူဒန်၊ ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘူရွန်ဒီနှင့် တန်ဇန်းနီးယားနိုင်ငံတို့တွင် တွေ့ကြုံနိုင်ကြောင်း အဆိုပါစင်တာက ဆက်လက်ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိသော်လည်း အီသီယိုးပီးယား၊ ကင်ညာနှင့် ဆူဒန်နိုင်ငံတို့ အပါအဝင် ဒေသအများအပြား၏ ရာသီအလိုက်အပူချိန်မှာ ပုံမှန်ထက် ပိုမိုပူပြင်းနိုင်ကြောင်း ရာသီဥတုဆိုင်ရာ ခန့်မှန်းချက်များနှင့် အသုံးချရေးစင်တာက ခန့်မှန်းထားသည်။
အာဖရိကဦးချိုဒေသရှိ နိုင်ငံများသည် လတ်တလောတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေသည့် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ကင်ညာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈၀ ထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


