မဟာအောင်မြေ၊ နောင်ချိုနှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မတ် ၂၉

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၆ ရက် ညနေ ၄ နာရီခွဲတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၄၀ လမ်းနှင့် ၆၅(A)လမ်းထောင့်တွင် ကောင်းထက်ကျော်(ခ)ကျော်လင်း မောင်းနှင်ပြီး ဇော်ဆိုင်းဦး(ခ)ကိုစိုင်း လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်နှင့် ဆန်းပြည့်မောင်းနှင်ပြီး မျိုးထွန်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၇၅၀ ကိုလည်းကောင်း။

 

မတ် ၂၈ ရက် နံနက် ၇ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် ဇင်မင်းထွန်း မောင်းနှင်ပြီး မထက်ဇာဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀,၀၀၀  သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် တောင်ရှည် ကျေးရွာအုပ်စု၊ မကျည်းရေကျေးရွာအနီးတွင် ကျော်လွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာ အနီးတွင် AD Van အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၆ ကီလို သိမ်းဆည်း ရမိခဲ့ဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)