နေပြည်တော်  ဇူလိုင် ၅

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃ ရက် ညနေ ၅ နာရီတွင်  မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအုပ်စု၊ ဟွေပါဆပ်ကျေးရွာအနီးတွင် ကျရှဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၀၀ ကိုလည်းကောင်း။

 

ဇူလိုင် ၄ ရက် ညနေ ၅ ခွဲတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်()ရပ်ကွက်၊ ၆၅ × ၆၆ ကြား၊ ၄၁ လမ်းမပေါ်တွင် လမ်းလျှောက်လာသူ မမျိုးပပအောင်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်း ဆေးဝါးများ ဖြစ်သည့် ကက်တမင်း ကီလို နှင့် Happy Water ဒသမ ၂၇၅ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီကျေးရွာအနီးတွင် အားဟူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)