မန္တလေး  အောက်တိုဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်၁၁နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်းက အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ် လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုတများရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှု လေ့လာလိုစိတ်နှင့် ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်များကို အသုံးပြုလိုစိတ်ရှိလာစေရန်၊ စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ စာဖတ်ခြင်းဖြင့် စာဖတ်သက်ရင့်သန်လာမှုနှင့်အတူ အတွေးအခေါ်ကောင်းများရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာများထက်မြက်ဖွံ့ဖြိုးရင့်သန်လာစေရန်၊  လူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းကျိုးများစွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာလူရည်ချွန်များ ထွက်ပေါ်လာစေရန်ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌  လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား မောင်ရှင်းခန့်ဝင်းက ကျန်းမာခြင်းသည်လာဘ်တစ်ပါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဂျူးဂျူးသန္တာက မူးယစ်ဆေးဝါးနှင့် ဘေးအန္တရာယ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသားမောင်ကောင်းမြတ်သူက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမအိမ့်ခူးခူးစံက ကျား/မ တန်းတူညီမျှရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့်ကျောင်းသား/ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူမှလည်း မေးမြန်းသည့်အချက်များကို ပိုမိုပြည့်စုံရန်ပြန်လည်ဖြည့်စွက်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ် ( ပြန်/ဆက် )