မဟာအောင်မြေ ဖေဖော်ဝါရီ ၁၆
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊မြို့နယ်ပြည်သူ့အားကစားကွင်း၌ ချစ်ကြည်ရေး ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်သည် ရင်ဘက်ချင်းတူ (ပိုက်ကျော်ခြင်း ချစ်သူများ) ပြန်လည်တွေ့ဆုံခြင်း အထိမ်းအမှတ်အဖြစ်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပိုက်ကျော်ခြင်းဝါသနာရှင်များ စုပေါင်း၍ ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဆုံဖြစ်ကြသည့် ပိုက်ကျော်ခြင်းဝါသနာရှင်များ ပြန်လည်တွေ့ဆုံနိုင်စေရန်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ၁၅-၂-၂၀၂၃ ရက်နေ့မှ ၁၇-၂-၂၀၂၃ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို မန္တလေးမြို့ OLD STAR CLUB မှ ဦးဆောင်၍ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ကို အသင်းဝင်ပေါင်း(၃၂)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး (ပ-ဒု-တ) ဆုရအသင်းအား ငွေသားဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်လက်ရွေးစင် ကစားသမားများ ၊ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ရွှေတိုး