မန္တလေး           ဩဂုတ်             ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စု ၂၀၀ အား တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ တစ်အိမ်ထောင်လျှင် ဆန် သုံးပြည်၊ ခေါက်ဆွဲခြောက်ထုပ် သုံးထုပ်နှုန်းဖြင့် လှူဒါန်းခြင်းကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄၂လမ်း၊ ၅၉လမ်းနှင့် ၆၀လမ်းကြားတွင် ပြုလုပ်ခဲ့သည်။

 

လှူဒါန်းပွဲသို့ အမှတ်(၄) စစ်နယ်မြေမှူးကိုယ်စား ဗိုလ်မှူးကျော်ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးဆွေလွင်အောင်၊ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထိပ်ထားနိုင်(ပြန်/ဆက်)