မန္တလေး မတ် ၂၅
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို အထက(၃)တွင် မတ် ၂၄ ရက်မှစတင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မဟာအောင်မြေမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးနှင့် တာဝန်ခံဆရာ ဆရာမများ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးက အနီးကပ်ကြီးကြပ်၍ သင်တန်းနည်းပြငါးဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ မတ် ၂၄၊ မတ် ၂၆၊ မတ် ၂၈ ရက်အထိ တစ်ရက်ခြားပို့ချမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ ၆၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း


