မဟာအောင်မြေ အောက်တိုဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် BA-4 နှင့် BA5 ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်နိုင်စေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မဟာအောင်မြေမြို့ လူစည်ကားရာ နေရာများဖြစ်သည့် ကံလှဈေး၊ မီးပွိုင့်လမ်းဆုံများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထား သည့် အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း၊ နေ့စဉ်လူနေထိုင်မှုဘဝတွင် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်းကောင်း၊ ပြည်သူများ မမေ့မလျှော့ သိရှိနိုင်စေရန်အတွက် အပတ်စဉ်လှည့်လည် ဆော်ဩ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)