နေပြည်တော်     အောက်တိုဘာ     ၂၈

 

မဟာအောင်မြေနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာ ၂၅ ရက် ည ၉ နာရီခွဲတွင်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ် ဟေမမာလာ(မြောက်)ရပ်ကွက် လမ်း ၈၀ ၊ ၃၆ × ၃၇ လမ်းကြားတွင် မသင်္ကာဖွယ်တွေ့ရှိသူ  မအိအိမျိုး(ခ)နန်းအိတ်မြတ်အား စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါး Happy Water သုည ဒသမ ၀၄ ကီလို  သိမ်းဆည်းရမိခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ်တွင် ၎င်းတည်း ခိုနေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ (မြောက်)ရပ်ကွက်၊ လမ်း ၈၀၊ ၃၆× ၃၇ လမ်းကြားရှိ ဟိုတယ်အခန်းအတွင်းမှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၉၂၄ ကီလိုနှင့် အက်တက်စီဆေးပြား ၄၅ ပြားတို့ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေရဲကျေးရွာအနီးတွင် လော်ဂါ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀  သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီခွဲတွင်  ပူးပေါင်းအဖွဲ့သည့် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် စိုင်းခမ်းပန် မောင်းနှင်လာသည့် DAIHATSU HIJET မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)