နေပြည်တော် ၂၄  ဒီဇင်ဘာ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ အစီအစဉ်) ဖြင့် CFP-3 batch (2) အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ခြင်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ လုပ်ငန်းသဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်တွင် လက်မှတ်ရေးထိုးသည်။

 

mdn

 

အဆိုပါ အသေးစားဓါတ်အားပေးစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်မည့် ကျေးရွာများမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာတွင် ဆိုလာ အသေးစား ဓာတ်အားပေးစနစ် (120.12) KW ကို Innovative Energy Co.,Ltd မှ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကျောက်ကုန်းကျေးရွာတွင် ဆိုလာ အသေးစားဓာတ်အားပေး စနစ် (92) KW နှင့် ရှော်တောမော်ကျေးရွာတွင် ဆိုလာအသေးစား ဓာတ်အားပေးစနစ် (92.26) KW ကို Techno Hill Co.,Ltd မှလည်းကောင်း အသီးသီးတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ကျငွေအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ဆောင်ရွက်မည့်ကျေးရွာမှ ၂၀ ရာခိုင်နှုန်းနှင့် ဆောင်ရွက်မည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း အသီးသီးထည့်ဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများမှ မီးလင်းရေး ကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ငြိမ်းသူ

 

mdn