မဟာဂန္ဓာရုံကျောင်းတိုက် COVID-19 ကူးစက်ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

မန္တလေး  ၃၁   မတ် 

COVID-19 ကူးစက်ရောဂါကာကွယ်ရေးပိုးသတ်ဆေးဖျန်းခြင်းကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် မတ် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် အလယ်ပိုင်းတိုက်စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများက ကျောင်းတိုက်ရှိ အဝင်/အထွက်နေရာများ၊သံဃာတော်နားနေဆောင်များ၊ ဆွမ်းချက်ဆောင်၊ ဆွမ်းစားဆောင်၊ ဝတ်ပြုဆောင် နှင့်ဓမ္မာရုံများတွင် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ဗိမာန်တော်ကြီး၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်၊ သံဃာတော်များသီတင်းသုံးနေထိုင်ရာ ကျောင်းဆောင်များအား COVID-19 ကူးစက်ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်းနှင့် နယ်မြေခံတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)