မဟာသီယာ ခေါင်းဆောင်တဲ့ မဟာမိတ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ငွေဈေးကျ

၁၀ မေ

မဟာသီယာခေါင်းဆောင်တဲ့ PH (Pakatan Harapan) မဟာမိတ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် မလေးရှားငွေ ရင်းဂစ် ဈေးဟာ အမေရိကန်တစ်ဒေါ်လာကို ၄.ဝ၇ ရင်းဂစ်အထိ ကျဆင်းသွားပါတယ်။ အရင်က အမေရိကန် ၁ ဒေါ်လာကို ၂.၄ ရင်းဂစ်ရှိခဲ့ပေမယ့် ဒီမနက်မှာ ငွေဈေးက ၁.၇ ကျဆင်းသွားပါတယ်။

ဒီလို ငွေဈေးကျတာဟာ တစ်နှစ်ခွဲအတွင်း အကြီးမားဆုံး ငွေကြေးကျဆင်းမှုလို့ ဆိုနိုင်ပါတယ်။

Bursa Malaysia စတော့ ဈေးကွက်က ဒီကနေ့ နဲ့ မနက်ဖြန် (ကြာသပတေး နှင့် သောကြာ) ဟာ အလုပ်ပိတ်ရက် ဖြစ်တဲ့အတွက် ကုန်သွယ်ရေးကို ခေတ္တပိတ်ထားမယ်လို့ အစိုးရက ကြေငြာထားပါတယ်။

အနိုင်ရ မဟာမိတ်ခေါင်းဆောင် မဟာသီယာကတော့ ကုန်သွယ်ရေးနဲ့ အကောက်ခွန် မှာ သူ နိုင်ငံ့တာဝန်ယူပြီး ရက်ပေါင်း ၁၀ဝ အတွင်း ပြန်လည်ကောင်းမွန်အောင်လုပ်မယ် နောက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကိုလည်း ပြန်လည်သုံးသပ်မယ်လို့ ကတိပေးနေပါတယ်။

MDN.

ကိုးကား-CNA (source: Reuters)