ဆိပ်ဖြူ ၁၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ ရပ်မိရပ်ဖ ဒေသခံပြည်သူအများ ပူးပေါင်း၍ မဟာသမယအခါတော်နေ့ သတ္တမအကြိမ်မြောက် (၇၂) နာရီမဟာပဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၅ နာရီ ခွဲက ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃာ့နာယက နာယကဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များက ၂၄ ပစ္စည်း ဗုဒ္ဓဆင်းတုတော်များအား ဘုရာအနေကဇာတင်ခြင်း မင်္ဂလာပြုပေးတော်မူခဲ့ပြီး မဟာသမယအခါတော်နေ့ သတ္တမအကြိမ်မြောက် (၇၂)နာရီမဟာ ပဌာန်းပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ပုဗ္ပါရုံကျောင်းဆရာတော် ဦးရေဝတက ဘုရာပင့်လျှောက်ဂါထာတော်ကိုလည်းကောင်း၊ ဝါဆိုကျောင်းဆရာတော် ဦးကောဝိဒက သမ္မာဒေဝနတ်ပင့် ဂါထာတော်များကို ရွတ်ပွားပူဇော်ခဲ့သည်။ ထိုနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ ၊ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒေသခံ ရပ်မိရပ်ဖများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တထံမှ ငါပါးသီလ ခံယူခြင်း အနုမောဓနာ တရားနှင့် သြဝါဒ စကာများကို နာယူပူဇော်ခဲ့သည်။
ဆက်လက်၍ ဆုတောင်ပြည့်ကျောင်းတိုက် ဆရာတော် ဦးဝိမလက မဟာပဌာန်းတောကြီး အမွှန်းဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်များက မဟာပဌာန်း ဒေသနာတော်မြတ်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ်၏ သတ္တမအကြိမ်မြောက် (၇၂)နာရီမဟာပဌာန်းပူဇော်ပွဲကြီးကို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှ နယုန်လပြည့်ကျော် (၃) ရက်နေ့ အထိ သံဃာအပါး ၃၀ တို့မှ ရွတ်ပွားသရဇ္ဈယ် ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးလင်းနိုင်( IPRD)
