မုဒုံ ဧပြီ ၁၆
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဧပြီ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့တွင် ကန်ကြီးစေတီတော်နှင့် ရပ်ကွက်/ ကျေးရွာများတွင် စတုဒိတာကျွေးမွေးလှူဒါန်းခြင်းဖြင့် အထူးစည်ကားလျက်ရှိသည်။
သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် အလှူရှင်များစုပေါင်း၍ ကြက်သားပဲဟင်း၊ သင်္ကြန်ထမင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မုန့်လုံးရေပေါ်၊ ခေါက်ဆွဲကြော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ မုန့်လက်ဆောင်းဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြသည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း မဟာသင်္ကြန်ကာလအတွင်း မဏ္ဍပ်ငယ်များ၌ ရိုးရာအစားအစာ များကို ကျွေးမွေးလှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကြကာ ဒေသခံပြည်သူများနှင့် ရေလောင်း ရေပက်ခံ သူများက မြန်မာရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)