ရန်ကုန် ၄ ဧပြီ 

 

၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်၌ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ကကြီးမှူး၍ မွန်လူငယ်မောင်မယ်များက ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်နှင့် ခရိုင်၊ မြို့နယ် မဏ္ဍပ်များတွင် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ယိမ်းအကများ ဝင်ရောက်ယှဉ်ပြိုင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ယင်းသို့ ဖျော်ဖြေရာတွင် မွန်လူငယ်မောင်မယ် အမျိုးသား အမျိုးသမီး ၁၂ ဦးယိမ်း၊ အမျိုးသား ၁၆ ဦးယိမ်း၊ အမျိုးသမီး ၁၆ ဦးယိမ်းတို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့ပြင် ၁၃၈၁ ခုနှစ် ဧပြီ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့) တွင် ရွှေတိဂုံဘုရား လမ်းမွန်ဓမ္မာရုံ၌ (၄၆) ကြိမ်မြောက် မွန်သက်ကြီးပူဇော်နှင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဗလစိုး