ညောင်ဦး ဧပြီ ၁၀
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့် ခရီးသွား ပြည်သူများ များပြားလျက်ရှိကြောင်း ရွှေစည်းခုံဘုရားကြီးဂေါပကအဖွဲ့ ထံမှ သိရသည်။
သင်္ကြန်ရုံးပိတ်ရက်ရှည် အကြိုရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက် လည်ပတ် ဖူးမြော်မှုများပြားလျက်ရှိကာ သမိုင်းဝင်အထင်ကရဘုရားများနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးလာရောက်သည့်ကားများ အလွန်များပြား လျက်ရှိသည်။
ပုဂံ-ညောင်ဦးဒေသ၌ ပြန်လည်ဖွင့်လှစ်သည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတို့တွင် လာရောက် တည်းခိုခြင်း၊ အွန်လိုင်းမှ ကြိုတင်ချိတ်ဆက်မှာယူထားခြင်းများ ၉၈ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးသူ တစ်ရက်လျှင် ၅၀ဝ၀ဝ ကျော်ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း