ကလော ၁၁ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၈၁၄) ရှိသည့်အနက် အိမ်ထောင်စု (၁၇၃၆)စု ကို ဧပြီ ၁၀ ရက်တွင် ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသည့် အိမ်ထောင်စု (၃၀၇၈)စုအား ယနေ့တွင် ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါပြုံးကေသီနိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးခင်မင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က ကလောမြို့ပေါ်ရှိ ရပ်ကွက်များနှင့်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၀၇၈)စုအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာတို့အား အိမ်ထောင်စုအလိုက် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


