ရန်ကုန် ၃ နိုဝင်ဘာ
တစ်ရက်အထူးတရားစခန်း ကမ္မဋ္ဌာန်းနည်းပြ ဆရာဦးမြင့်အောင် (A.G.T.I) B.E (Mech.) M.O.T (Class Part A) Engineer က နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မဟာဝိဇယစေတီအနီး (ဓမ္မရက္ခိတဓမ္မာရုံ) ၌ ဗုဒ္ဓနည်းလမ်းကျ ဘဝနေနည်း၊ သေနည်းများကို ဟောကြားပြသမည်ဖြစ်သည်။
ထို့ပြင် တစ်နေ့တာ အာဟာရ အပူအအေးမုန့်မျိုးစုံနှင့် ဘေးမဲ့မေတ္တာအာဟာရ ဆွမ်းတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ရာ တရားစခန်းဝင်လိုသူများအနေဖြင့် ဆရာဦးမြင့်အောင် ဖုန်း (၀၉ ၇၉၅၇၆၀၁၀၈)၊ ဒေါ်စောလင်း ဖုန်း (၀၉ ၉၆၄၂၁၁၇၁၇) ၊ ဒေါ်ဆင့်ဆင့်အောင် ဖုန်း (၀၉ ၅၀၀၀၉၁၀)၊ ဒေါ်စုစန္ဒီဇော် (၀၉ ၂၀၁၉၉၅၈) တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


