၂၄ ဩဂုတ်
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် မဟတ္တမဂန္ဓီ အသုံးပြုခဲ့တဲ့ မျက်မှန်ကို ဗြိတိန်နိုင်ငံက လေလံဈေးကနေ စနေနေ့မှာ ရောင်းချသွားခဲ့ပါတယ်။
မဟတ္တမဂန္ဓီ ရဲ့ ရွှေရောင်မျက်မှန်ကိုင်းနဲ့ မှန်အဝိုင်းပုံ မျက်မှန်ကို စာတိုက်ကနေတစ်ဆင့် ဘရစ်တယ် အရှေ့ပိုင်း လေလံဈေးကို ရောက်ရှိခဲ့ကြောင်းနဲ့ မျက်မှန် လက်ခံရရှိတဲ့ နေ့မှာ လေ့လံဈေးကို လူတစ်ယောက်က ဖုန်းဆက်လာကြောင်း၊ ဖုန်းထဲကနေ စာတိုက်က ပို့လိုက်တဲ့ မျက်မှန်ဟာ ဂန္ဓီတပ်ခဲ့တဲ့ မျက်မှန်ဖြစ်ကြောင်း ပြောတယ်လို့ ဖုန်းလက်ခံ ဖြေကြားခဲ့တဲ့ အန်ဒရူးစတိုး က ပြောပါတယ်။
လေလံဈေးက ဂန္ဓီရဲ့မျက်မှန် အစစ်ဖြစ်ကြောင်းနဲ့ သမိုင်းကြောင်းမှာ အဲဒီမျက်မှန်က အရေးပါကြောင်း နာရီပိုင်းအတွင်း လေ့လာတွေ့ရှိ ခဲ့ပါတယ်။ လေလံဈေးမှ ဖုန်းခေါ်လာသူထံ ပြန်လည် ဆက်သွယ်ရာ မျက်မှန်ပိုင်ရှင်က မျက်မှန်က မကောင်းဘူးဆိုရင် လွှင့်ပစ်ပါလို့ ပြောပါတယ်။
လေလံဈေးက အဲဒီမျက်မှန်ဟာ စတာလင်ပေါင် ၁၅,၀၀၀ (အမေရိကန် ဒေါ်လာ ၁၉,၅၀၀) လောက် တန်ဖိုးရှိကြောင်း အကြောင်းပြန်ကြားခဲ့ရာ မျက်မှန်ပိုင်ရှင်က ထိုင်ခုံပေါ်က လဲကျမကျ ဖြစ်သွားတယ်လို့ လေလံဈေးမှ ပွဲစား အန်ဒရူးက သတင်းဌာနတွေကို ပြောပါတယ်။
လေလံတင်တဲ့ အချိန်မှာတော့ အိန္ဒိယ လွတ်လပ်ရေး ဖခင်ကြီး ဂန္ဓီ တပ်ခဲ့တဲ့ မျက်မှန်ကို အမေရိကန် ဒေါ်လာ သုံးသိန်း လေးသောင်းနဲ့ ရောင်းချခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP