၃ အောက်တိုဘာ
ငြိမ်းချမ်းရေးပြယုဒ် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမဂန္ဒီ လမ်းစဉ်ကို လိုက်နာသူများက ငြိမ်းချမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ တစ်နှစ်တာ ချီတက်ပွဲ မနေ့က နယူးဒေမြို့ကနေ စတင်လိုက်ပြီး ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီရဲ့ ၁၅၀ ပြည့်မွေးနေ့က အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၂ ရက်နေ့ကို ရွေးချယ်တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အထိ နိုင်ငံပေါင်း ၁၀ နိုင်ငံကို ဖြတ်ပြီး ၁၄,ဝ၀ဝ ကီလိုမီတာ (၈၇၀ဝ မိုင်) ကို ချီတက်လမ်းလျှောက်မှာ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာချီတက်ပွဲ “ဂျိုင် ဂျက်ဂတ်” ကို ပါဝင်သူတွေက ဂန္ဒီရဲ့ အကြမ်းမဖက်ရေး လမ်းစဉ် ပိုပြီး လူသိများအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ ဦးဆောင်သူ ရာဂျာဂိုပဲ ပီဗီ က အကြမ်းမဖက်ရေးက အိန္ဒိယမှ ဖြစ်နိုင်ရင် ကမ္ဘာတစ်ဝန်းမှာလည်း ဖြစ်နိုင်မယ်။ ကမ္ဘာမှာဖြစ်နေတဲ့ ပြဿနာတွေကို အခုချီတက်ပွဲကနေ ပြောသွားနိုင်မယ်လို့ သတင်းဌာနကို ပြောပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီကနေ စတင်ချိန်မှာ ချီတက်သူ အိန္ဒိယနိုင်ငံသား အယောက် ၂၀ဝ နဲ့ နိုင်ငံတကာမှ အယောက် ၅၀ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံ အတွင်းမှာ လမ်းလျှောက်ရက်ပေါင်း ၁၂၁ ရက် ဖြစ်ပြီး ဂျီနီဗာအထိ ရောက်ရှိရန် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ရက်ပေါင်း ၂၄၄ ရက် သွားရမှာဖြစ်ပါတယ်။ လမ်းတလျှောက်ရှိ နိုင်ငံတွေကနေ လူပေါင်းတစ်သောင်းနီးပါး ပါဝင်ဖို့ မျှော်လင့်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်းမှာ အကြမ်းမဖက်ရေးအတွက် လူပေါင်း ၂၅၀ဝ ကို အိန္ဒိယနိုင်ငံတွင်းမှာ သင်တန်းပေးနိုင်ပြီး အဲဒီသင်တန်းရဲ့ အကျိုးသက်ရောက်မှုဟာ လူပေါင်း ၁၀ သန်း ဆီအထိ ရောက်ရှိဖို့ မျှော်လင့်ကြောင်း စီစဉ်သူတွေက ဆိုပါတယ်။
ဂန္ဒီကို အိန္ဒိယ အနောက်မြောက်ပိုင်းရှိ ဘန်ဒါပြည်နယ်မှာ အောက်တိုဘာ ၂ ရက် ၁၈၆၉ ခုနှစ်မှာ မွေးပါတယ်။ ဂန္ဒီရဲ့ အဖေဟာ သူတို့ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဂန္ဒီ အသက် ၁၃ နှစ်မှာ အသက် ၁၄ နှစ်အရွယ် ကတ်စတာနဲ့ အိမ်ထောင်ပြုပါတယ်။ ဂန္ဒီကို အိန္ဒိယနိုင်ငံ လွှတ်လပ်ရေးရပြီး ခြောက်လ လောက်အချိန် ဇန်နဝါရီ လ ၃၀ ရက် ၁၉၄၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပါတယ်။
MDN
ကိုးကား - AFP & jaijagat2020.org