၂၆ ဇူလိုင်
တရုတ်နိုင်ငံ ဟက်ဘီပြည်နယ်ရှိ ဝမ်တရားရုံးကနေ အသက် ၅၄ နှစ်အရွယ် လီယန်ရှီ ကို လူပတ်ဝန်ကျင်ကို အနှောင့်အယှက်ပေးမှု အပါအဝင် တခြားရာဇဝတ်မှု သုံးမှုကို ကျူးလွန်ကြောင်း တွေ့ရှိရတဲ့အတွက် ထောင်ဒဏ် အနှစ် နှစ်ဆယ် နဲ့အတူ ဒဏ်ငွေ တရုတ်ငွေ ယွမ် ၂.၆၇ သန်း (အမေရိကန်ဒေါ်လာ ၃၈၈၀ဝ၀) ပါ ပေးဆောင်ရန် ချမှတ်ခဲ့ပါတယ်။
လီယန်ရှီရဲ့ boyfriend ရူရှီ ကလည်း ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၆ နှစ်ခွဲ နီးပါး နဲ့အတူ ဒဏ်ငွေ တရုတ်ငွေ ယွမ် ၁.၂ သန်းပေးဆောင်ရန် ချမှတ်ခဲ့ပါတယ်။
လီယန်ရှီဟာ မသန်စွမ်းကလေးငယ်နဲ့ မိဘမဲ့ကလေးငယ်ပေါင်း ၁၁၈ ဦးကို မွေးစားခဲ့တဲ့ ဂေဟာကို Love Village လို့ အမည်ပေးခဲ့ပါတယ်။
ရရှိတဲ့ လှူဒါန်းငွေတွေကို လူဆိုးဂိုဏ်နဲ့ ပူပေါင်းပြီး ရာဇဝတ်မှုတွေ လုပ်ဆောင်ရာကနေ ငွေကြေးအမြတ်အစွန်း ပိုမိုရရှိခဲ့ကြောင်း တရားရုံးထုတ်ပြန်ကြေငြာချက်ကို တရုတ်ဆိုရှယ်မီဒီယာ ဝီဘိုမှာ ဒီကနေ့ (သောကြာနေ့) မှာ ရေးသားထားပါတယ်။
လီယန်ရှီ ဟာ သူမရဲ့ဇာတိမြေမှာ ဆယ်ချီတဲ့ ကလေးငယ်တွေကို မွေးစားခဲ့ပြီးနောက် ဒေသတွင်းမီဒီယာတွေ ၂၀ဝ၆ ခုနှစ်ကစပြီး လီယန်ရှီအကြောင်းကို ရေးသားခဲ့ရာမှ တရုတ်ပြည်တွင်းမှာ လူသိများလာခဲ့သည်။ မီဒီယာတွေကို သူမဟာ လက်ထပ်ဖူးတဲ့ သားတစ်ယောက်မိခင်ဖြစ်ကြောင်း ၊ ခင်ပွန်းဟောင်းက သားကို လူကုန်ကူးသူတစ်ဦးအား ယွမ် ၇၀ဝ၀ နဲ့ ရောင်းစားခဲ့ကြောင်း၊ အဲဒီသားကို ပြန်ရအောင် ကြိုးစားခဲ့ရကြောင်း၊ အဲဒီကတည်းက ကလေးငယ်တွေကို ကူညီဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
တရုတ်သတင်းမီဒီယာတွေမှာ လီယန်ရှီရဲ့ မိဘမဲ့ဂေဟာကို လှူဒါန်းဖို့ ရေးသားကြသလို သူမပိုင်ဆိုင်တဲ့ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်များအတွက်ပါ သုံးစွဲကြောင်း ရေးသားခဲ့ပါတယ်။
၂၀၁၈ ခုနှစ် မေလတွင် လီယန်ရှီမှာ သံသယရှိစရာအဖြစ် သူမရဲ့ ဘဏ်အကောင့်တွင် တရုတ်ငွေ ယွမ် သန်း ၂၀ နဲ့အတူ အမေရိကန်ဒေါ်လာ နှစ်သောင်း၊ ဇိမ်ခံကားတွေပိုင်ဆိုင်ကြောင်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီချိန်ကစပြီး သူမကို ဖမ်းဆီးထားရာ ကလေးငယ် ၇၄ ဦးအား Love Village ဂေဟာကနေ အစိုးရဂေဟာနဲ့ ကျောင်းတွေကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုးရွားဆုံးလုပ်ရပ်တစ်ခုကတော့ လီယန်ရှီဟာ အဲဒီဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေ နှောက်ယှက်တဲ့အနေ ကားတွေရှေ့ကနေ မွေးစားထားတဲ့ကလေးတွေကို ဖြတ်ပြေးခိုင်းတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ပြီးမှ ဆောက်လုပ်ရေးကုမ္ပဏီကို ငွေညှစ်တာမျိုးအထိ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
လီယန်ရှီကို အရင်က Love Mother လို့ခေါ်ဖူးကြောင်း အခုတော့ သိုးရေခြုံတဲ့ဝံပလွေဖြစ်တယ်။ သူလှူဖူးတဲ့ ငွေတွေ ပြန်လိုချင်တယ်လို့ ငွေလှူဒါန်းဘူးသူတစ်ဦးက တရုတ်ဆိုရှယ်မီဒီယာ ဝီဘိုမှာ ရေးသားထားပါတယ်။
MDN