မြစ်ကြီးနား ၉ ဇွန်            


    
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ပြုစုစောင့်ရှောက်ရေးနှင့် ဂေဟာများရှိ ကျောင်းသား/သူများအား ဧရာဝတီ မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီ(ACHC)မှ စားသုံးဆန်နှင့် ဆီများထောက်ပံ့ပေးအပ် လှုဒါန်း ခြင်းကို ဇွန် ၈ရက် နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

 

ယင်းသို့ လှူဒါန်းရာတွင်     မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Grace Happy Land  မိဘမဲ့စောင့်ရှောက်ရေး ဂေဟာမှ ဂေဟာမှူး ဆရာမကြီး ဒေါ်ခေါန်ဒင့်ထံသို့ မိဘမဲ့ ကျောင်းသား/သူ(၉၀) အတွက် ဆန်(၁၀)အိတ်နှင့် ဆီ(၆၀)ပိဿာအား ထောက်ပံ့လှုဒါန်းရာ ဂေဟာမှူး ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား/သူများမှ ဆုတောင်းတေးသီချင်အား သီဆိုဆုတောင်း ပေးခဲ့ကြသည်။

 

ဆက်လက်ပြီး မန်ခိန်ရပ်ကွက်ရှိလီဆူတိုင်းရင်းသား လူငယ်များ မိဘမဲ့မေတ္တာရိပ်မြုံ ပရဟိတဂေဟာသို့ သွားရောက် ကာ ဂေဟာတာဝန်ခံ ဦးတိတုထံသို့ဂေဟာနေ ကျောင်းသား ကျောင်းသူ(၂၂၀) အတွက် ဆန်(၁၀)အိတ်နှင့် ဆီပိဿာ(၆၀)အား ထောက်ပံ့ပေးအပ်လှုဒါန်းခဲ့သည်။ 


    
အလားတူ နံနက်၁၁နာရီတွင် အလှုရှင်အဖွဲ့သည် ရွှေစက်ရပ်ကွက်ရှိ တောင်တန်းဒေသ ကျောင်းသာ/သူများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ရာ ဂေဟာတာဝန်ခံ ဦးဂွာဇာခင်နှင့် ကျောင်းသား/သူများက ကြိုဆိုကြပြီး ဆုတောင်းတေးသီချင်းများ သီဆို၍  (ACHC)ကုမ္ပဏီမှ တာဝန်ရှိသူများက ဂေဟာနေ ကျောင်းသား/သူ(၈၁)ဦးအတွက် ဆန်(၁၀)အိတ်နှင့် ဆီပိသာ(၆၀)အား ထောက်ပံ့ပေးအပ်လှုဒါန်းပြီး အဆိုပါ မိဘမဲ့နှင့် ဂေဟာ(၃)ခုသို့ ဆန်(၃၀)အိတ်နှင့် ဆီပိသာ(၁၈၀)လှုဒါန်းနိုင်ခဲ့ကာ ထောက်ပံ့ပေးအပ်လှုဒါန်းပွဲသို့ (ACHC)ကုမ္ပဏီမှ မြစ်ကြီးနားရုံးတာဝန်ခံ မစ္စတာ ကျန်းဟွမ်ကွေ့နှင့် ကုမ္ပဏီဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)