အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်းဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁) မှ(၃-၁၁၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီး သွားလာရာတွင်လည်းကောင်း၊ တည်းခို နေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသ ဆောင်ရွက်ရသည့်လုပ်ငန်း များတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား (၁-၄-၂၀၂၂) နေ့ (၀၆:၀၀)နာရီမှစ၍ ပြသစစ်ဆေးခံရမည် ဖြစ်ပါသည်။ 

နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများ အား ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။ 

 နိုင်ငံသားကတ်(မှတ်ပုံတင်) အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန