ကျောက်မဲ ၆ မေ

 

ကျောက်မဲမြို့ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၂) ဦးရှမင်းပိုင် (၅၅)နှစ် ငှါးရမ်းဖွင့်လှစ်ထားသော တက်နေဝင်း လ္ဘက်ရည်ဆိုင်ရှိ မီးအားမြှင့်စက်မှ အပူလွန်ကဲပြီး မေ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးသည် မီးသတ်တပ်ဖွဲ့ဝင် ၄၈ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မြို့နယ်စည်ပင် ၁ စီးတို့ဖြင့် သွားရောက်၍ မွန်းလွဲ ၁ နာရီ ၅၄ မိနစ်တွင် စတင်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် လူသုံးကုန်နှင့် အထည်ဆိုင် ၁ ခန်း၊ လ္ဘက်ရည်ဆိုင် ၂ ခန်း၊ ဆံပင်အလှပြင် ၂ ခန်း၊ စတိုးဆိုင် ၂ ခန်း မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဦးရှမင်းပိုင်အား ကျောက်မဲမြို့ရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သိန်းဇော်(ကျည်ပွေ့)