ဒီးမော့ဆို ၂၃ မတ်  

 

ပူးပြင်းခြောက်သွေ့သော နွေရာသီအချိန်တွင် မလိုလားအပ်သော မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန် နေအိမ်များနှင့် နီးကပ်လျက်ရှိသော ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး မီးတားလမ်းဆောင်ရွက်ခြင်းကို  ယနေ့ နံနက် ၈ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ ရှမ်းပိုင်းရပ်ကွက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ အမှတ်(၁၀၂) ခြေလျင်တပ်ရင်းမှ ဌာနချူပ်တပ်ခွဲမှူး ဗိုလ်မှူး အောင်စည်သူဝင်း ဦးစီးတပ်ဖွဲ့ဝင် အရာရှိစစ်သည်များနှင့် မိသားစုဝင်များ၊ ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး လှထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးတပ်စခန်းတာဝန်ခံ ဒုတိယမီးတပ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား၂၀ဝ ကျော် စုပေါင်း၍ မီးတားလမ်း ဆောင်ရွက်ကြကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

 

1