ဟားခါး ၂၆ စက်တင်ဘာ
မီးဘေးအန္တရာယ်လျော့နည်းစေရေးနှင့် မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရေးရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ Mount Carmel Private ကျောင်း၌ကျင်းပရာ ဟားခါးခရိုင် မီးသတ်ဦးစီးမှူးရုံး၊ ဒုတိယ မီးသတ်ဦးစီးမှူး ဒေါ်ဟုန်းထန်းအွယ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးသတ်တပ်ဖွဲ့တွင်အသုံးပြုလျက်ရှိသော မီးသတ်ယာဉ်များနှင့် ဝတ်စုံများအကြောင်း ရှင်းလင်းခြင်း၊ မီးသတ်ဆေးဘူးထိန်းသိမ်း အသုံးပြုနည်းများရှင်းပြပြီး လက်တွေ့မီးငြိမ်းသတ်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့်သရုပ်ပြပွဲ အခမ်းအနားသို့ Mount Carmel Private ကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN


