သာပေါင်း ၁၅ ဖေဖော်ဝါရီ

 

မီးဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သာပေါင်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ စစ်စင်ကျေးရွာ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထိခိုက်ခံစားရသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

 

1

 

သာပေါင်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ စစ်စင်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ် (၂)လုံး မီးဘေးသင့်ကာ ထိခိုက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး နေအိမ် (၂)လုံး မီးဟပ်ကာ ထိခိုက်ခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းများကို ထိခိုက်ခံစားရသူများထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

587

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)