ဝန်းသို  ၁၃  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့ မွန်းလွဲပိုင်းက စော်ဘွားကြီးရပ်ကွက်ရှိ  အိမ်ဈေးဆိုင်များနှင့် မီးရထားဘူတာ ပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင်ခန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရက်လွန် စားသောက်ကုန်များ၊ တားမြစ်စားသောက်ကုန်များ ရောင်းချမှုရှိ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။     

 

2

     

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်အမာကြည်က ကုန်စုံဆိုင် များတွင် စားသုံးရန်မသင့်သည့် အမှတ်တံဆိပ်နှင့် အစားအသောက် အမျိုးအစားများ၊ သက်တမ်းလွန်၊ မှိုတက် အစားအသောက်များ ရောင်းချမှုရှိ/မရှိကို စစ်ဆေးပြီး စားသုံးသူကာကွယ်ပေးရေးဉပဒေ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များကို သိရှိနားလည်စေရန် အသိပညာပေး စာရွက်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

 

52

 

ဆက်လက်၍ မြို့နယ်မီးတပ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦ:ကျော်ဇေယျနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ဈေးဆိုင်များတွင် အရေးပေါ် မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိနှင့် မီးချိတ်၊ မီးကပ်၊ မီးသဲများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

963

 

ကျော်မြိုင်(ပြန်/ဆက်)